
၁၉၂၀ ခု
သက္ကရာဇ် ရာသီအစချီလျက်
ဘာမထီ ဇာဏီ
မြန်ပြည်တ၀ှမ်း
ချီတန်းတက်ရာ
အမျိုးကောင်းသားတို့
ကျွန်စနစ်ပညာ တော်လှန်ရာမှ
အစပျိုးခင်း မျိုးစေ့ခင်းသည်
သွေးသည်သစ္စာ
တက္ကသိုလ်မှာ။
ကဒေါင်းအောင်လံ
မိုးယံမြင့်မား
တိမ်တိုက်အကြားတွင်
ပင်ပျိုနုသန် ရှင်သန်ထရာ
တက္ကသိုလ်မှာ။

၁၉၃၆ နှစ်
စာမျက်မှာအသစ် ဖွင့်လှစ်ခဲ့ကြ
ကျွန်ပညာ စနစ်
တော်လှန်ပစ်ရုံ မလုံမလောက်
အတွေးပေါက်လျှက်
ဒိုတိုင်းတို့ပြည် လွတ်မှရမည်
ဒို့တိုင်းတို့ပြည် လပ်မှရမည်
ဒို့တွေဝန်တာ အခုပင်စမည်
သမဂ္ဂရာသီ အစချီကြ
ဒို့တွေဘ၀သည်
က ရုံမရ ခွပ်ကြရမည်
စိတ်ညီ ကိုယ်တူစုရုံးခဲ့ရာ
ခွပ်ဒေါင်းများစွာ
တက္ကသိုလ်မှာ။

ဒေါင်းတို့ပျော်ရာ
ရှင်သန်ရာမြေ
အင်းယားရေနှင့်
အဓိပတိလမ်းမဟာ
ယှဉ်တွဲရာအတိ ဖြစ်တည်ရှိသည်
ကန့်ကော်နံ့သာ စိန်ပန်းဝါနှင့်
ပကတိတည်ငြိမ် နှလုံးအိမ်သည်
မြန်မာ့သားကောင်း
ဇာနည်အပေါင်းကို
မြန်မာမက ကမ္ဘာကပါ
သမိုင်းမှတ်တိုင် ထူစိုက်နိုင်အောင်
သင်စွမ်းဆောင်သည်
တာဝန်ကျေသည့်
အမိတက္ကသိုလ်။

ယနေ့ကာလ အခါသမယတွင်
သာစွမြန်ပြည် ဒိှု့ဌာနီမှာ
အမျိုးသားအောင်ပွဲ
ခြိမ့်ခြိမ့်သဲတမျှ ကျင်းပဂုဏ်ယူ
ဒေါင်းအလံထူသည်
သင်သည် သစ္စာ
တည်ကြည်လှပေါ့
လုံးသားထဲက တက္ကသိုလ်။ -အာကာထက်-
| p | | |
No comments:
Post a Comment