
ပန်ဂျပ်ရှိ အစိုးရကျောင်းများတွင် ၁၂ တန်းအတွက် အခမဲ့သင်တန်းများကို စီစဉ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ၁၂ တန်းသည် အင်ဂျင်နီယာ၊ ဆေးတက္ကသိုလ်များတက်ခွင့်ရရေးအတွက် အရေးကြီးသည့် အတန်းများဖြစ်သဖြင့် ပန်ဂျပ်အစိုးရမှ အောင်နိုင်ရေးအခမဲ့သင်တန်းများကို စီစဉ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။
ပန်ဂျပ် ပညာရေးဌာန ညွှန်ကြားရေးမှူးချုပ် ကာဟန် ဆင်း ပန်နုက အောင်နိုင်ရေး အနီးကပ်သင်တန်းများကို Eduset ကွန်ရက်အဖွဲ့မှ အကူအညီပေးခြင်းဖြစ်ကြောင်း၊ အစိုးရကျောင်းများတွင် တက်ရောက်သင်ကြားနေ သည့် ၁၂ တန်းကျောင်းသားများသည် အခမဲ့ အနီးကပ်သင်တန်းများသို့ တက်ရောက်နိုင်ကြောင်း၊ ပုဂ္ဂလိက ကျောင်းများမှ တက်ရောက်လိုသည့် ကျောင်းသားများသည် Eduset အဖွဲ့သို့ ရူပီးငွေ ၁၀၀၀ ပေးရမည်ဖြစ် ကြောင်း ပြောကြားသည်။
ပန်ဂျပ် ပညာရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဟင်ဒူစတန် တိုင်းမ်စ် သတင်းစာကြီးသို့ ပြောကြားရာတွင် တက္ကသိုလ်ဝင်ရောက်ရန်အတွက် ယှဉ်ပြိုင်ဖြေဆိုရမည့်စာမေးပွဲတွင် အမှတ်ကောင်းကောင်းရစေရန်နှင့် နာမည်ကျော် ကျောင်းကြီးများသို့ ၀င်ခွင့်ရရေးအတွက် ဤသင်တန်းသည် အထောက်အကူများစွာဖြစ်နိုင် ကြောင်း၊ ဤသင်တန်းက ကျောင်းသားများ ၀င်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
အနီးကပ်သင်တန်းကို နေ့လည် ၁ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်အထိ တစ်နေ့လျှင် ၂ နာရီနှုန်း တက်ရမည် ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ကာ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ် ကြောင်း သိရသည်။
Written by ရွှေမောင်
No comments:
Post a Comment