Saturday, 15 December 2012

လာမည့်ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားများအား ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့မည်


လာမည့်ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားများအား ဗလာစာအုပ်တစ်ဒါဇင်အထိ ထောက်ပံ့သွားမည်၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်း သားတစ်ဦးလျှင် လေ့ကျင့်ခန်း
စာ အုပ် (ဗလာစာအုပ်) တစ်ဒါဇင်စီ ပံ့ပိုး သွားရန် စီစဉ်လျက် ရှိ ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ယနေ့ ကျင်းပသော အမျိုးသား လွှတ် တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ အခမ်းအ နားတွင် ပြောကြားခဲ့သည်။


အမျိုးသားလွှတ်တော်တွင် ယနေ့ဆွေးနွေးသော အခြေခံပ ညာကျောင်းများ အဆင့်မြှင့်တင် ရေးဆိုင်ရာ အဆိုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရင်း အထက်ပါ အကြောင်းအရာကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မသင် မနေရ မူလတန်း စနစ်အရ ယမန် နှစ်က မူလတန်းကျောင်းသားတစ် ဦးလျှင် ဗလာစာအုပ် ခြောက်အုပ် ပံ့ပိုးခဲ့ပြီး လာမည့်နှစ်တွင်မူ တစ် ဒါဇင်အထိ ပံ့ပိုးသွားရန် ရှိကြောင်း ၄င်းက ပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ပညာသင်နှစ် မှစ၍ ဆင်းရဲနွမ်းပါးသော ကလေး များသို့ ကျောင်းသုံးစာအုပ် အခမဲ့ ထောက်ပံ့နိုင်ရန် နှစ်စဉ်ကျပ်သန်း ၁၅၀ မှ ၁၈၀ အတွင်း သုံးစွဲခဲ့ပြီး သူငယ်တန်းကလေးဦးရေ ၆၅ ရာ ခိုင်နှုန်းမှ ၇၂ ရာခိုင်နှုန်းအထိ အခ မဲ့ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိ ရသည်။
ထို့အပြင် မသင်မနေရ မူလ တန်းကျောင်းပညာရေး စတင် ကျင့်သုံးသည့် ၂၀၁၁-၂၀၁၂ မှစ ၍ အစပျိုးအစီအစဉ်အဖြစ် မူလ တန်းကျောင်းသား၊ ကျောင်းသူ ငါး သန်းကျော်အတွက် ကျောင်းသုံး စာအုပ် (ပုံနှိပ်စာအုပ်) စုစုပေါင်း ၂၁ ဒသမ ၅၇ သန်းကျော်အား ကျပ်သန်း ၁၈၃၅ ဒသမ ၅၁ သန်း ကျော်ကျခံ၍ အခမဲ့ထောက်ပံ့ပေး ခဲ့ကြောင်း ထပ်မံသိရှိရသည်။
သန်းထူး
7Day News

No comments:

Post a Comment