Friday, 21 December 2012

ကျောင်းမလာတဲ့ ကျောင်းအုပ်ဆရာမ




ရန်ကုန်တိုင်း ဒလမြို့နယ်မှာရှိတဲ့ ညောင်လေးပင် ကျေးရွာက အမကကျောင်း
ကျောင်းအုပ်ဆရာမ ဒေါ်ထက်ထက်ခိုင်ကျောင်းကို ပုံမှန်မလာပဲ ဖြစ်နေလို့
ကျောင်းအကျိုးတော်ဆောင်တွေနဲ့ ကျောင်းသား မိဘတွေဟာ ကလေးတွေရဲ့
ပညာရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
ကျောင်းအုပ်ဆရာမ ဒေါ်ထက်ထက်ခိုင်ဟာ
တစ်ပတ်မှာ ၁ ရက် ဒါမှမဟုတ် ၂ ရက်လောက်သာ ကျောင်းကို လာရောက်နေတာ
ဖြစ်သလို ကျောင်းသန့်ရှင်းရေး ဝန်ထမ်းကိုပါ စာဝင်သင်ခိုင်းနေတယ်လို့
ကျောင်းသား မိဘတစ်ဦးက ဆိုပါတယ်။ အဲဒီလိုပဲ အရင်နှစ်တွေကလည်း
ကျောင်းပုံမှန်မလာလို့ ကျောင်းအကျိုးတော်ဆောင်တွေဟာ ကျောင်းအုပ်ဆရာမနဲ့
တွေ့ဆုံညှိနှိုင်းခဲ့ကြရာမှာ ကျောင်းအုပ်ဆရာမ အလိုကျ လုပ်ဆောင်ပေးခဲ့ပေမယ့်လည်း
ပျက်ကွက်မြဲပဲလို့ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
ကျောင်းအကျိုးတော်ဆောင်တွေနဲ့ ကျောင်းသားမိဘတွေစုပေါင်းပြီး
မြို့နယ် ပညာရေးမှူးရုံးကို သုံးကြိမ်တိုင်တိုင် တိုင်ကြားခဲ့ကြပေမယ့်လည်း
အကြောင်းမထူးပဲဖြစ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

No comments:

Post a Comment