Sunday, 23 December 2012

တက္ကသိုလ် ကြိုပို့ယာဉ်များ အဆင်မပြေသည့်အတွက် ပညာရေး နစ်နာချက်များ (ပေးစာ)

..... ဝေးလံလွန်းသည့် တက္ကသိုလ်သို့ အသွား ၂ နာရီ၊ အပြန် ၂ နာရီ ခရီး၊ တနေ့လျှင် စုစုပေါင်း ၄ နာရီခန့်မှာ ကားပေါ်တွင် အချိန်ကုန်ခြင်း၊ လစာ၏ ၃၀ ရာခိုင်နှုန်းကို ကားခပေးနေရခြင်း၊ ကျောင်းကား မလုံလောက်ခြင်း၊ အချိန်မီ စာသင်ခန်းအတွင်း မရောက်နိုင်ခြင်း၊ ကား ၂ ဆင့်၊ ၃ ဆင့် စီးရခြင်း၊ လိုင်းကား စောင့်ရခြင်း၊ တိုးစီးရခြင်း၊ ကျောင်းရောက်လျှင် အင်အားကုန်ခန်း၊ ပင်ပန်းနွမ်းနယ်နေကြခြင်း၊ တက်ကြွမှု မရှိခြင်း။
အိနြေ္ဒသိက္ခာ ကျဆင်းရခြင်း၊ ကျောင်းသား (သို့မဟုတ်) တက္ကသိုလ်ဆရာများမှာ စာမေးပွဲရက်တွင် လွန်စွာ ဒုက္ခများရခြင်း၊ လာခြင်း၊ ပြန်ခြင်းခရီး ဒုက္ခဆင်းရဲများခြင်း --- စသည့် အကြောင်းတရားများကြောင့် .... ပညာရေး မတိုးတက်နိုင်ပါ။
Written by တက္ကသိုလ်ဆရာများ 
Letter to Education Minister, Myanmar

No comments:

Post a Comment