Friday, 21 December 2012

ဒီမိုကရေစီကို စော်ကားသည့်အတွက် အစိုးရကို ကနေဒါကျောင်းဆရာသမဂ္ဂ ဝေဖန်ရှုတ်ချ


သမဂ္ဂများ၏ ငွေစာရင်းအသေးစိတ်ကို တင်ပြရမည့် ဥပဒေကြမ်း Bill C-377 ကို အတင်းအကျပ် ပြဌာန်းသည့်အတွက် ကနေဒါကျောင်းဆရာများသမဂ္ဂအဖွဲ့ချုပ် CFT က ရှေးရိုးစွဲဝါဒီ ဟာပါအစိုးရကို ပြစ်တင်ရှုတ်ချလိုက်သည်။ တရားမျှတသည့် အချေအတင် ငြင်းခုံဆွေးနွေးမှု debate လုပ်ခွင့်မရဘဲ အလျင်စလိုဖြင့် ဥပဒေ ပြဌာန်းချက်မှာ ဒီမိုကရေစီကို စော်ကားခြင်းဖြစ်သည်ဟုလည်း သမဂ္ဂ ဥက္ကဌ Paul Taillefer က ဆိုပါသည်။

"ဆရာဆရာမများနှင့် မတိုင်ပင်ဘဲ ပါလီမန်က ဥပဒေကို အလျင်စလို ပြဌာန်းချက်ကတော့ တရားမျှတမှုကို ချိုးဖေါက်လိုက်တာပါ။ ကနေဒါပြည်သူလူထု လိုချင်နေတဲ့ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ပွင့်လင့်စွာ ဆွေးနွေးမှုတွေကိုလည်း လျစ်လျူရှုရာရောက်ပါတယ်။"
ဥပဒေသစ် Bill C 377 မှာ ကျောင်းဆရာသမဂ္ဂများ၏ လွတ်လပ်စွာဖြင့် လှုပ်ရှားဆောင်ရွက်ခွင့်ကို ထိခိုက်နစ်နာမှု ရှိနေကြောင်း ထောက်ပြထားသည်။
ကျောင်းဆရာများအပေါ် ပစ်မှတ်ထားပြီး အစိုးရက တိုက်ခိုက်စော်ကားခြင်းတို့မှာ ဒီမိုကရေစီကျင့်စဉ်ကို စော်ကားရာရောက်ပြီး ပညာရေးဖွံ့ဖြိုးမှုနှင် ကျောင်းဆရာအခွင့်အရေးတို့ကို ချိုးဖေါက်ရာလည်း ရောက်ကြောင်း သမဂ္ဂက တင်ပြထားသည်.။
"ကနေဒါ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားတွေကို ဆရာဆရာမများက ဒီမိုကရေစီအကြောင်း သင်ကြားပေးပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်ကို လေးစားလိုက်နာကြရမှာဖြစ်ကြောင်းကို အခုတော့ ဆရာဆရာမများကိုယ်တိုင်က သက်သေပြ ရပ်တည်ကြရလိမ့်မယ်" သမဂ္ဂဥက္ကဌက ဆိုပါသည်။
Education International EI ကလည်း ကနေဒါ ကျောင်းဆရာသမဂ္ဂအဖွဲ့ချုပ်ကို ထောက်ခံကြောင်းနှင့် အာဏာပိုင်များအနေဖြင့် သမဂ္ဂအခွင့်အရေးကို လေးစားလိုက်နာရန် တိုက်တွန်းလိုက်သည်။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာပညာရေး လှုပ်ရှားမှုသတင်း

No comments:

Post a Comment