ဆရာအလုပ်ကို မတတ်ကျွမ်းလျှင် ဈေးပဲ ထွက်ရောင်းကြ
တက္ကသိုလ်
ဆရာတဦးက ၉တန်း ဆယ်တန်း သင်ရိုးကို ပါ မြန်မာ လို ပြန်ပြောင်း သင့်ကြောင်း
ဆောင်းပါး တပုဒ် ကျွှန်တော့် Page မှာ Tag လာလုပ် လို့ ပြန်ဆွေးနွေး
လိုက်တာ ကျွှန်တော့ ကို Block လုပ်သွားလေရဲ့။ မှန်တာပြောတော့ လဲ မခံ နိုင်ကြ
ပါဘူး။ ကျွှန်တော်ကလည်း ဆရာတွေ တော်တော် ညံ့ကြောင်း စေတနာ နည်းကြောင်း
(အများစုသော ဆရာ ၉၅% လောက်ကို လည်း ဒီလိုပဲမြင်တယ်။) တည့်တည့် ပဲ ပြောလိုက်
တာကိုး။
(မြန်မာစာ၊ ပထ၀ီ၊ သမိုင်း စသည့် ဘာသာရပ်သင် ဆရာများ စာသင်
ကျောင်ခန်းများ အတွင်း ရှင်လင်း သင်ကြားခြင်း လုံးဝမရှိပဲ နှစ်ဟောင်း
စာအုပ်များမှ အမေးအဖြေများ ကို ကျောင်းသား တဦး က ခေါ်ပေး ရပြီး
အခြားကျောင်းသားများက လိုက်ရေး၊ လကုန် လျှင် ဆရာမများ လစာ ရနေ ပါသည်။)
လက်ရှိ အင်္ဂလိပ်လို အရေး အဖတ် အပြော (4Skills) အခြေ အနေ က မြန်မာ ပညာရေးမှာ
ဆရာညံ့၊ ကျောင်းသား ညံ့ အခြေအနေ မို့ မြန်မာ လို ပြောင်းဘို့ စဉ်းစားတယ်
ဆိုတာသည် ဆရာဘက်က ရည်ရွယ်ချက်က Easy Going လုပ်ချင် လို့ ဖြစ်ကြောင်း။
ကျွှန်တော့် ရည်ရွယ် ချက် က
""ပညာသင် တဲ့ မြန်မာကျောင်း သား နောက်
မျိုးဆက် အနေနဲ့ နိုင်ငံတကာ အဆင့် ပညာတတ်ဖြစ်ဖို့ အတွက်က နိုင်ငံတကာ အဆင့်
ပညာရေး စနစ် ဖြစ်ရေးမှာ အင်္ဂလိပ်စာ လည်း နိုင်ငံတကာအဆင့် ရှိဘို့
လိုပါတယ်။""
ဒါကြောင့် သင်ရိုးတွေကို အင်္ဂလိပ် လို ပြောင်းရင် ဆရာတွေလဲ
ခုလို Easy Going နေလို့ မရတော့ ဘူးပေါ့။ မသင်ချင်တဲ့ ဆရာထွက်၊
အရည်အချင်းမရှိတဲ့ မသင်နိုင်တဲ့ ဆရာတွေ ထုတ် လုပ်သင့်ပါတယ်။ ဒါ့ပြင်
တက္ကသိုလ် ဆရာတွေ အင်္ဂလိပ်လို လက်ချာ ပေးနိုင် လား ဆိုတော့ တော်တော်ကို
စိတ်ဆိုး သွားတယ်။ သူ့ကို မှိုချိုး မျစ်ချိုး ပြောတာ မဟုတ်ပါဘူး။
နိုင်ငံတော် အဆင့်တောင် မှ မြန်မာ လိုပဲ ပြောနေကြ တော့ အင်္ဂလိပ်လို
တိုက်ရိုက် ပြောနိုင် တဲ့ သူတွေ ထက်တော့ နိုင်ငံတကာ ဆက်ဆံရေး မှာ တပန်းရှုံး
တာပေါ့ဗျာ။ (ပြန်ငြင်းချင်တဲ့ သူတွေလည်း ရှိမှာပေါ့။ တကယ် အခြေအနေမှန်
ကတော့ စကားပြန် က တဆင့် ပြောရ တာ တပန်းရှုံးတာ အမှန်ပေါ့ဗျာ။ ကိုယ့် မြန်မာ
စကားကလည်း ကမ္ဘာသုံး၊ နည်းပညာ အဆင့်ကလည်း သူများထက်သာ ဆိုရင်တော့
တမျိုးပေါ့။ ခုတော့ နိုင်ငံတကာ အဆင့် ပညာရေးစနစ် ချင်းယှဉ်ရင်
ကိုယ်အောက်မှာ က အ၀ီဇိ ပဲ ရှိတော့ တာ။) ဒါကြောင့် နိုင်ငံတကာ
ပညာရေးစနှစ်နှင့် ချိတ်ဆက်နိုင်ရန် ၅တန်းမှ စရု ဘာသာစုံ အင်္ဂလိပ်လို
သင်ကြား သင့်ပါ သည် လို့ အဆိုပြု တင်ပြတာပါ။ (နောက်ဆုံးအဆင့် ကတော့ မူလတန်း
ကစပြီး မြန်မာစာ ကလွဲပြီး ဘာသာစုံ အင်္ဂလိပ် လို ပြဌာန်းရေးပေါ့။
ခုနိုင်ငံတကာ သင်္ချာပြိုင် ပွဲတွေ မြန်မာ ကလေးတွေ ပါလို့မရဘူ။ မေးခွန်း မဖတ်
တတ်လို့ပါ။)
ခက်တာက မြန်မာ နိုင်ငံ ပညာရေးကို နိုင်ငံတကာ ပညာရေး
အဆင့်သို့ မြှင် တင်ရေး ဆိုရင် အင်္ဂလိပ် စာ မြှင်တင်ရေး က ပါလာတယ်။ အင်္ဂလိပ်
စာ မြှင်တင်ရေး ပါလာရင် မြန်မာစာ နှိမ့်ချရေးလို့ ပညာ တတ်တွေ ကိုက
(ရွှေဥာဏ်တော် အစူးရောက် လွန်ပြီး) မြင်နေကြ တာ ဘယ်လိုလုပ်ရပါ့မလဲ မသိ
ဘူးနော်။ မြန်မာစာ မြှင့်တင်ရေးက သီးခြား ဆွေးနွေး ရမယ်ဗျ။ အင်္ဂလိပ် ခေတ်
မှာက မြန်မာလိုတောင် ပိုတတ်ကြသေးတယ်။ ခုခေတ် ကလေးတွေ ဘွဲရတာတောင် သတ်ပုံ
မမှန်၊ သဒ္ဒါ မှန်မှန် မရေးတတ်တာ ဘယ်လို လုပ်မ တုံး။ အလယ်တန်း အဆင့် လပတ်
စာမေးပွဲတွေမှာ မြန်မာစာ အကျ အများဆုံးပဲ။ မြန်မာတွေ မြန်မာ စာ
ကောင်းကောင်း တတ် ဘို့ တပိုင်း ဆွေးနွေး စေချင်ပါတယ်။ မရောချစေ လိုပါ။
(မြန်မာစာ သင်တဲ့ ဆရာမတွေက ၀ါကျကို ၀က်ကျလို့ အသံထွက်ရမှန်မသိဘူး။
ဝါကျလို့ပဲ ဖတ်တယ်) နယ်ကျောင်းတွေ မှာ ၄တန်းအောင် တာတောင် မြန်မာစာ
ကောင်းကောင်း မဖတ်တတ်ဘူး။ မြန်မာတွေ မြန်မာစာ ကောင်းကောင်း တတ် ဘို့ လည်း
ပညာရေး စနစ် တွင် ပြုပြင်ရန် အများကြီး လိုပါသေးသည်။
(သီးခြားဆွေးနွေးရပါမည်။)
လက်ရှိ အခြေအနေမှာ ဘွဲရ ပညာ မတတ် နိုင်ငံများ
စာရင်း မှာတော့ မြန်မာက ထိပ်ဆုံးပါ။ ဘွဲရ အမျာစုက English Sentence
တကြောင်း နဲနဲရှည်ရင် မဖတ် တတ် ဘာသာ မပြန်တတ်ဘူး။ မရေးတတ်ဘူး။
နိုင်ငံ
တကာ စံနှုန်းအရ ညံ့သော ဆရာ များ က သင်နေခြင်းကြောင့် နိုင်ငံ တကာ စံချိန်မှီ
တော်သော တပည့်များ မပေါ် ထွက်နိုင်ပါဘူး။ လက်ရှိ မြန်မာပြည်က တော်သော တပည့်
အများစု သည် တော်သော ဆရာ ကြောင့် မဟုတ်ပဲ မိဘတော် (မိဘက သဘောပေါက် နားလည်
မှုရှိရှိ ပံပိုး) ရု ဖြစ်နေ ပါသည်။ ၁၀တန်း စာမေးပွဲ ကောင်း စွာ ဖြေနိုင်
ရန် အတွက် စာမေးပွဲ နီးလျှင် ကျောင်း မလွတ်ပဲ ပြင်ပ ကျူရှင်များတွင် အားပြု
သင်ကြား ရပါသည်။ (ကျောင်းတွင် အချိန်သာကုန်ပြီး ဆရာများက ကောင်းစွာ
မသင်ကြားရု ဖြစ်ပါသည်။) အဖြစ်မှန် သိမှ၊အမှန် ပြန်ဖြစ် နိုင်ပါမည်။
စိတ်ဓာတ် ပျက်စီး မှာစိုးသည် ဟုသော အကြာင်းပြ ချက်ဖြင့် အကုန်အအောင်ပေး
ပညာရေး စနစ်တွင် ၁၀တန်းအောင် လာသော ကလေးများ အများစု ပိုညံ့ကြပါသည်။
စာပေးစာယူဖြင့် ဘွဲရပြီး ဆရာပြန် လုပ်သူများ ပိုညံ့ကြပါသည်။ ဆရာများ
ကိုလေ့လာ ပါက အရည် အချင်းညံ့ရုံ မက ကြိုးစား အားထုတ် သင်ကြားခြင်း၊
စေတနာထား သင်ကြားခြင်းလဲ မရှိသလောက်ပါ။
စနစ်ကို လွှဲချနေတာ အတိုင်းအတာ
တခုထိ လက်ခံနိုင် ပါတယ်။ ဒါပေမဲ့ တဦးချင်းရဲ့ စိတ်စေတနာအရ ကိုက ညံ့နေ
တာတွေ ကတော့ မျက်မြင်တွေ့နိုင် ပါတယ်။ စနစ်ကြောင့် ညံ့ပေမဲ့ တပည်တွေ ကို
တော်စေ ချင်တဲ့ စေတနာနဲ့ ကြိုးစားရင် တော်တဲ့ ဆရာတွေ ဖြစ်နိုင်ပါတယ်။ ယခင်က
တော်သောဆရာများ ကျူရှင်ပြ အောင်မြင်ကြ ပါ သည်။ မနာလိုသူ ဆရာများ က ၀ိုင်း
တွန်းသဖြင့် ဥပဒေဖြင်ပင် တားမြစ်ပိတ်ပင် လိုက်ပါသည်။ အကျိုဆက်မှာ ကျူရှင်
မပျောက်ပဲ ဥပဒေက လို တမျိုး မလို တမျိုး အသုံချစရာ တခု ဖြစ်သွားပါသည်။
ယခုအခါ အသင် အပြကောင်းအောင် မကြိုးစားတော့ပဲ အတန်း ပိုင် ဖြစ်ရေး
ကျောင်းအုပ်နှင့် ပေါင်းပြီး ကျောင်း သားများ ကျူရှင်မယူပဲ မနေရဲအောင်
အာက်လမ်းနည်း များသုံးခြင်း၊ ကျူရှင်တွင်လဲ ကောင်းစွာမသင်ပဲ စာမေးပွဲနီးမှ
မေးခွန်းနှင့် အဖြေ များပေးရု ကျက်ပြီး ဖြေခိုင်းခြင်း၊ အမှတ်ပေးရာတွင်
မျက်နှာလိုက်ခြင်း များတွေ့ ရပါသည်။ ထို့ကြောင့် နိုင်ငံတကာ
ပညာရေးစနှစ်နှင့် ချိတ်ဆက်နိုင်ရန် ၅တန်းမှ စရု ဘာသာစုံ အင်္ဂလိပ်လို
သင်ကြား သင့်ပါ သည်။ မြန်မာ လိုတောင် ကောင်းကောင်း မသင် ချင် တဲ့ လက်ရှိ
ပညာရေး ၀န်ထမ်းများ ကတော့ မိမိတို့ သင်ကြားရေး မှာ အခက်အခဲရှိလို့
ကန့်ကွက်ပါလိမ့်မည်။
အစိုးရကို မုန်းတဲ့ စိတ်အခြေခံနဲ အရာရာကို စနစ်
(အစိုးရ) ပုံချပြီး လူတဦးချင်းစီရဲ့ တာဝန်ခံမှု တာဝန်ယူမှု တာဝန်ရှိမှု ကို
လျှစ်လျှူရှု စဉ်းစားတာ ပြုပြင် တည်ဆောက်ရေး (Reconstructive) မှာ အထောက်အကူ
မပြုနိုင်ပါ။ အလုံးစုံ ပျက်စီးရေး (Destructive) ကိုပဲ ဦးတည်နေပါသည်။
ဆရာတွေမှာလည်း တာဝန် ရှိကြောင်း အသိ အမှတ်ပြု ရပါမယ်။ စနစ် ဘယ်လောက်
ကောင်းကောင်း လူ မကောင်း ရင် စနစ်လဲ ပျက်ပါသည်။ စနစ်ကို ပြင်တဲ့နေရာ မှာ
ပြင်ဘို့ စဉ်စားတဲ့ နေရာမှာ မဟာဗျူဟာ ရည်မှန်ချက် နဲ့ စရပါမယ်။ မဟာဗျူဟာ
ရည်မှန်ချက်ကို
"မြန်မာ နိုင်ငံ၏ ပညာရေး အဆင့်အတန်း သည် နိုင်ငံတကာ အဆင့်မီ ပညာရေး အဆင့် အတန်း ဖြစ်စေရမည်။"
ဟု သတ်မှတ်သင့်ပါသည်။
မဟာဗျူဟာ ရည်မှန်ချက် ကို ရဘို့ SWOT Analysis (Strength, Weakness,
Opportunity, Threat) က စ စဉ်းစားရပါမည်။ ထိုအခါ Internal Assessment တွင်
မိမိ လူစွမ်းအား အရင်းအမြစ်ကို မည်မျှ အရည်အချင်း ရှိသည် ဆိုသည်ကို
ပြတ်ပြတ် သား သား သတ် မှတ်နိုင်ရပါမည်။ ထိုနောက် Push and Pull Strategy
ဖြင့် ဘာသာစုံ အင်္ဂလိပ်လို လဲပြောင်း၊ Skills Training များဖြင့် ဆရာများကို
တပြိုင်ထဲ Up Grade လုပ်။ အရည်အချင်း မမီတဲ့ ဆရာတွေ မကြိုးစား ရင်
ဖြုတ်ပါ။ Budget ထဲမှာကိုက Training အတွက် များများထည့်ထားရပါမည်။ (ဆရာများ
Easy Going ဆက်လုပ်နေလို့ မရဘို့လိုပါတယ်။) ဒါပေမဲ့ ဆရာတွေ English
ကျွမ်းမှ အင်္ဂလိပ် လို သင်ရိုးတွေ ပြောင်းသင် မယ်ဆို ရင်တော့ ဘယ်တော့ မှ
ဖြစ်လာမှာ မဟုတ် ပါ။ Professional Point of View အရ ဆရာ၊ ဆရာမ အလုပ်သည်
Professional ထဲမှာပါပါသည်။ ထို့ကြောင့် ကိုယ်ရွေးချယ်ပြီး လုပ်တဲ့ အလုပ်
မှာ စေတနာ ပါဘို့လို ပါသည်။ ဆရာများ စေတနာ ပါလျှင် တပ့ည်တွေ ထူးချွှန်ဘို့
ကိုယ်တိုင် ကြီုးစားဘို့ လို တယ် ဆိုတဲ့ အသိတရား ရှိဘို့လိုပါ လိမ့်မည်။
ပိုက်ဆံ မရရု လစာနည်းရု စေတနာ မထားနိုင်ဘူး မကြိုးစားနိုင်ဘူး ဆိုပါက
အလုပ် ထွက်ပြီး ဈေးရောင်း သင့် ပါကြောင်း တိုက်တွန်း အကြပြု အပ်ပါသည်။
U Aung Hlaing ဖေ့ဘုတ်မှ
No comments:
Post a Comment