ရွှေတွံတေးဆရာတော်သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်
ကံဖား ကိုယ်ထူကိုယ်ထ ကလေးများ စာသင်ကျောင်းသို့ သွားရောက်ပြီး စာအုပ်
စားရေကရိယာနှင့်မုံ့ မျိုးစုံဝေငှခဲ့သည်။မိသားစုများ ကျန်းမာရေး အရေးပေါ်
ရံပုံငွေလည်း မတည်လှူန်ဒါန်းခဲ့သည်။
ရွှေတွံတေးဆရာတော်က “ကလေးတွေကိစ္စကို ထိုင်းဘက် – မြန်မာဘက် ဆွေးနွေးနေကြပေမယ့် အဖြေမထွက်သေးဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရသရွေ့ တော့ ကလေးတွေကို စာသင်ပေးနေရမှာပဲ။ ဉာဏ်ရည်တက်အောင် စာရိတ္တကောင်းအောင် လိမ္မာအောင် ၀ိုင်းပြီးကြိုးစားပေး ကြရမှာပဲလို့” မိန့် ကြားခဲ့သည်။
ချမ်းမြ (မိုးမခအထောက်တော်)
နိုဝင်ဘာ ၂၄၊ ၂၀၁၂
နိုဝင်ဘာ ၂၄၊ ၂၀၁၂




No comments:
Post a Comment