ဝန်ထမ်းလစာတွေနည်းသည်။ အခြေခံဝန်ထမ်းများ၏ လစာတွေ နည်းသည်။ ဆရာများ၏ လစာနည်းသည်။ မူလတန်းဆရာများ၏ လစာအင်မတန်နည်းသည်။
နိုင်ငံတစ်ခုတည်ဆောက်ဖို့ ပညာရေးသည် အင်မတန်အရေးကြီး သည်။ဒီအတွက် ဆရာကောင်းများလိုသည်။ဆရာကောင်းေ
ဥပဒေသ။ လစာကို ငှက်ပျောသီးပဲပေးရင်တော့ အလုပ်လုပ်ဖို့အတွက် မျောက်တွေကိုသာရမည်။
(၂)
မကြာသေးမီက သတင်းကောင်း များကိုကြားနေရသည်။ဆရာ၊ ဆရာမတွေ လခတိုးမယ်တဲ့။ ဘယ်လောက်တိုးမှာလဲ။မူလတန်းပြဆရာ
ဥပဒေသ။ စောစောလာလာ နောက်ကျလာလာ လာဖို့သာ အရေးကြီးသည်။
(၃)
ပြောရဦးမည်။ ကိုကျော်မြင့်တို့မောင်နှမ။ ကိုကျော်မြင့်အစ်မ မူမူမြင့်က စာတော်သည်။ရှစ်တန်းအောင်တော့ မူလတန်းဆရာမ ဖြစ်သွားသည်။ ကိုကျော်မြင့်ကတော့ ရှစ်တန်းကျသည်။ နှစ်နှစ်လောက်ကျတော့ အဖေက သူ့ကို ''မင်းရုံးမှာ ပြာတာ လုပ်ကွာ'' ဟုပြောသည်။ ၉၇ ကျပ်ရသည်။ လယ်လုပ်ရတဲ့ သူထက်တော့သာပါသည်။ပြာတာအလုပ်ဆို
သူက စာရေးရာထူး တက်သွားသည်။ မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့် စာရေးကြီးဖြစ်သွားသည်။မူမူမြင့်
ကျော်မြင့်ရုံးအုပ်ကြီး ဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ဒီလိုနဲ့ ပင်စင်ယူလိုက်ရသည်။ မူမူမြင့်ပင်စင်ယူသွားသည်။ ကိုကျော်မြင့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်လာသည်။ လာဘ်လာဘ ပိုရွှင်လာသည်။ ကောင်း၏။
ဥပဒေသ။ အပြောင်းအလဲဆိုတာ ဆရာ၊ ဆရာမတွေအတွက် မရှိတတ်ပါ။
(၄)
ကျွန်တော်တို့ငယ်ငယ်က မူလ တန်းပြဆရာမတွေကို ကျွန်တော်သတိထားမိသည်။ သူတို့တပည့်တွေ စစ်ဗိုလ်ကြီးတွေအင်ဂျင်နီယာကြီး
ဥပဒေသ။ ကောင်းပါသည်။ ကျောက်ခဲရေပေါ်သည်ဟု ပြောစမှတ်ပြုသည်။
(၅)
လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်တဲ့။ (ပေးရပါသည်။)ထို Smart card တွေက ဘာတွေများ အသုံးကျသနည်း။ AMT ကတ်လို ဘဏ်တွေက စက်တွေမှာ ငွေထုတ်ရသည် မဟုတ်ပါ။ငွေရှိလျှင် ဘဏ်တိုင်းမှာ Smart card ကို အသာထိုးထုတ်လိုက်ရုံဖြင့် ငွေရနိုင်လျင် ဆရာများသည် Smart card ဖြင့် စမတ်ကျကျထုတ်နိုင်သည်။ ယခုတော့ ဒီ Smart card သည် ဆရာများ ပင်စင်စားများအတွက် ဘယ်လောက်မှ အသုံးမ၀င်သည်ကို သိသာထင်ရှားစွာ သက်သေပြနိုင်ပါသည်။ ပင်စင်စားနှစ်သိန်းအတွက် Smart card လုပ်(စား)သူ (Cronies) များသည် ကျပ်သိန်းခြောက်ထောင် အသာလေးရသွားလေသည်။
အကယ်၍ ပင်စင်စားနှစ်သန်းရှိပါက သူတို့ကျပ်သိန်းနှစ်သောင်းကို ရသွားပေမည်။ ကျွန်တော်သိချင်တာတွေ အများကြီးပါ။အဆိုပါ Smart card ကို ဘယ်ကရသလဲ။နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။
ဥပဒေသ။ ရိတ်လို့ရသမျှ အကုန်ရိတ်သည်။
(၆)
စီမံခန့်ခွဲမှုများ မှန်ကန်ပါက ပြည်သူများစိတ်ချမ်းသာပြီး အလေအလွင့်နည်းပါမည်။(Cronies)မ်
ကျွန်တော် အင်္ဂလန်တွင် ကားဝယ်သည်။ ၁၉၇၆ ခုနှစ်တွင် ၀ယ်ထားသော ထိုကားနံပါတ်ပြား၏ အောက်ခံအရောင်သည် ယနေ့တိုင် မလွင့်မပျက်သေးပါ။ အပေါ်နံပါတ်များလည်း အရောင်မပျက်သေးပါ။အကောင်းပကတိ ဒီအတိုင်းရှိပါသည်။(ထိုကားကို အင်္ဂလန်တွင် ငါးနှစ်စီးထားပြီး ရန်ကုန်ရောက်မှ နံပါတ်ကို ဖြုတ်ယူသိမ်းထားခြင်းဖြစ် သည်။)ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင်
ဥပဒေသ။ ပြည်သူ့ဂုတ်သွေးကို စုပ်ဖို့ ကြိုးစားတာကို သတိထားဆင်ခြင်သင့်သည်။
နိဂုံး
ဝါသနာ၊ စေတနာ၊ အနစ်နာခံသော ဆရာ၊ ဆရာများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။
Written by ဒေါက်တာခင်မောင်ညို
ဖော်ပြပါ ပုံလေးသည် ယူဂန္ဓာနိုင်ငံရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားနေစဉ် ဖြစ်ပါသည်။

No comments:
Post a Comment