
Wednesday 7th November 2012
ပညာရေး ၀န်ကြီး ဌာနပိုင် အခြေခံပညာကျောင်းများကို ပုဂ္ဂလိက ပညာသင် ကျောင်းအဖြစ် ငှားရမ်း လုပ်ကိုင် လိုသူများ ထံသို့ လုံးဝ ငှားရမ်း လုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာကျောင်းများ ငှားရမ်း လုပ်ကိုင်ခွင့် မပြုမှုဟာ နိုင်ငံတော် အနေနဲ့ ကျောင်းနေ အရွယ်ကလေး အားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရေး အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံပညာ အဆင့်အလိုက် အပြည့်အ၀ ကူးပြောင်းသင်ယူနိုင်ရေးတို့အတွက် အခြေခံပညာ ကျောင်းများကို နှစ်စဉ် တိုးချဲ့ ဖွင့်လှစ်ပေးခြင်း၊ တိုးတက်လာတဲ့ ကျောင်းသားဦးရေနဲ့ အညီ စာသင်ဆောင်များ၊ စာသင်ခန်းများ တိုးချဲ့ဆောက်လုပ် လျက်ရှိခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းသားများရဲ့ ကုန်ကျစရိတ်မှာလည်း များပြားတဲ့အတွက် စိုက်ထုတ် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အခြေခံပညာအဆင့်အလိုက်မှာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မှသာ ဆင်းရဲနွမ်းပါး သူများရဲ့ မိသားစုဝင် သားသမီးများပါ တက်ရောက် သင်ယူနိုင်ပြီး အခြေခံပညာအရည်အချင်းကို မြှင့်တင် နိုင်မှာ ဖြစ်တဲ့ အတွက် ယခုလို ပုဂ္ဂလိကအား ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာကျောင်းများကို ငှားရမ်း လုပ်ကိုင်ခွင့် မပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပေမယ့် ပညာရေး ၀န်ကြီးဌာန အနေနဲ့ ပညာရေးစနစ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးမူမှာ အခြခံပညာအလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့်အတန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ပုဂ္ဂလိကကျောင်းများအဖြစ် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
http://www.mrtv4.com.mm/news/local/education/detail/item%3A11841
No comments:
Post a Comment