| (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ) |
နေပြည်တော်ကဗိုလ်ချုပ်ကြီးများရဲ့ ရွေးချယ်ချက် မဟုတ်ဘူးလို့တော့ ယူဆရပါတယ်။
နေရာရွေးချယ်မှုက အင်မတန် အရေးကြီးပါတယ်။ မဟာအင်အားကြီး အမေရိကန်ရဲ့ သမ္မတ ခရီးစဉ်ကို နိုင်ငံတကာ နဲ့ ပြည်တွင်း မီဒီယာတွေက အဆက်မပြတ် ရေးသား ထုတ်လွှင့်ကြမှာပါ။
ဗိုလ်ချုပ်ကြီးတို့ နှစ် ၂၀ ၀န်းကျင် သော့ခတ်ထားတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးမြင့်၊ ၈၈ လူထုလှုပ်ရှားမှုရဲ့အထင်ကရခေါင်းဆောင် မင်းကိုနိုင် စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်တွေလည်း ဒီနှစ်ထဲမှာ ထွက်ပေါ်လာပြီးပါပြီ။
အခုလို အိုဘားမား ကံ့ကော်တော သွားရောက် လည်ပတ် ဟောပြောဖို့ ရှိတယ် ဆိုတဲ့ အစီအစဉ်က အစဉ်အလာကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည် အသက်ဝင်၊ ဂုဏ်သိက္ခာရှိရေး ကြိုးပမ်းချက်တွေကို အားဖြည့်ပေးရာ ရောက်ပါလိမ့်မယ်။
ကြားနေရတဲ့သတင်းများအတိုင်းဆိုရင် လာမယ့် တနင်္လာနေ့ အိုဘားမား ရန်ကုန်ရောက်မှာပါ။
အိုဘားမားရဲ့ လာရောက်မှုဟာ တာဝန်ထမ်းဆဲ အမေရိကန်သမ္မတ တယောက်ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးထားကြပါတယ်။ (သမ္မတဟောင်းတွေ မြန်မာပြည်ရောက်ဖူးကြပေမယ့် သမ္မတ မဖြစ်ခင် သို့မဟုတ် သမ္မတ တာဝန်ထမ်းပြီးချိန်မှ လာရောက်ကြတာဖြစ်တယ်လို့ နားလည်ရပါတယ်။)
အိုဘားမားခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် နဲ့ ၀န်းကျင် ကြည့်ကောင်းအောင် ပြင်ဆင်နေကြပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
No comments:
Post a Comment