ပြည်တွင်းပြည်ပ ပညာရေးသင်ကြားနေကြသည့်
ကယား(ကရင်နီ)ပြည်နယ်မှ ကျောင်းသူကျောင်းသားများအတွက် လက်ရှိကြုံတွေ့
နေကြရသည့် အခက်အခဲများအပေါ် ပညာရေးစနစ်နှင့် ပတ်သက်ပြီး
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပညာရေးကော်မတီ) ဒေါက်တာသိန်းလွင်နှင့်
ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းခြင်း။ ကယားထဲ ။ ။ အခုဆရာကယားမှာလာတာ ဘယ်နှစ်ကြိမ်မြောက်ရှိပြီလဲ။
(
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပညာရေးကော်မတီ) ဒေါက်တာသိန်းလွင် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
ဒေါက်တာသိန်းလွင်။ ။ ဟုတ်ကဲ့ အဲဒါကိုကျနော်တို့ထည့်သွင်းစဉ်းစားထားပါတယ်။ ကျနော်တို့အဲဒီအခုနိုင်ငံရေးစနစ်ပြောင်းတဲ့ခါကျတော့ နောင်တချိန်မှာကျနော်တို့ ဒုက္ခသည်စခန်းကလူတွေ ပြည်တွင်းပြန်လာနိုင်အောင်လို့ စဉ်းစားထားတာတွေလည်းရှိပြီ။ ရှိတဲ့အတွက် ပြည်တွင်းပြန်ရောက်တဲ့ခါမှာ ဒီပြည်တွင်းမှာရှိတဲ့ကျောင်းတွေကို တက်နိုင်အောင်ပေါ့၊ အဲဒါတွေကျနော်တို့ စဉ်းစားထားတယ်။ အစိုးရကိုလည်းကျနော်တို့ အကြံပြုထားတယ်။ ဒီဒုက္ခသည်စခန်းတွေက ပြန်လာတဲ့သူ နောက်ဒီအလုပ်သွားလုပ်တဲ့သူတွေလေ သူတို့ကလေးတွေ ပြန်လာတဲ့ခါကျရင် ဒီနိုင်ငံမှာကျောင်းနေမှာဆိုတော့ တက်နိုင်ဖို့ပေါ့။ တက်နိုင်တဲ့နည်းလမ်းလေးတခု လုပ်ပေးဖို့ပေါ့။ အနည်းဆုံးတော့ ဒီကကျောင်းမှာဝင်ဖို့အတွက် ၀င်ခွင့်စာမေးပွဲအနည်းဆုံးဖြေပြီးတော့ ဒီကျောင်းသားတွေ ဒီမှာပညာဆက်သင်ခွင့်ရှိပါတယ်။ အဲဒါကကျနော်တို့မှာ ကျနော်တို့က ဆုံးဖြတ်ပိုင်ခွင့်တော့မရှိသေးဘူးလေ လောလောဆယ်တော့။ ကျနော်တို့မှာတင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်းတင်ပြထားတယ်။ နောက် ကျနော်တို့ပညာရေး ဆွေးနွေးပွဲကနေပြီးတော့ ပြည်သူ့လွတ်တော်ကိုလည်း တင်ပြထားတယ်။ ဒီနယ်စပ်က ပြန်လာတဲ့ကျောင်းသားတွေ၊ ဒီဒုက္ခသည်စခန်းကပြန်လာတဲ့ကျောင်းသားတွေ၊ အတွက် ပြည်တွင်းကကျောင်းတွေမှာ တက်ရောက်နိုင်တဲ့နည်းလမ်းပေါ့ ဖန်တီးပေးဖို့။
ကယားထဲ ။ ။ အဲဒီနည်းလမ်းကဘယ်လိုလဲဆိုတာဆရာရှင်းပြလို့ရမလား။ ဆယ်တန်းအောင်ပြီးရင်လားဒါမှမဟုတ်……
ဒေါက်တာသိန်းလွင် ။ ။ အခုဆယ်တန်းအောင်ပြီးတဲ့ကလေးတွေ အခုတက္ကသိုလ်နဲ့ ပတ်သက်လို့လည်းတက္ကသိုလ် ပြောင်းဖို့အတွက်ကျနော်တို့ပြောဆိုထားတာရှိတယ်လေ။ တက္ကသိုလ်ဝင်ခွင့်က ဆယ်တန်းအောင်လက်မှတ်နဲ့ ဆယ်တန်းမှာအောင်တဲ့အမှတ်နဲ့ ခွဲခြားတာမဟုတ်တော့ပဲနဲ့ ဒီကျောင်းသားတွေကသူတို့တက်ချင်တဲ့တက္ကသိုလ်မှာ ၀င်ခွင့် ဖြေဖို့ပေါ့။ အဲဒီ… အခုကျတော့ အောင်မြင်ဖို့အလားအလာရှိပြီ။ ဒီ… ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ကို စတင်ပြုပြင်ပြောင်းလဲဖို့လုပ်ပြီ။ ရန်ကုန် တက္ကသိုလ်က ဒီပညာရေးဝန်ကြီးဌာနက တိုက်ရိုက် အုပ်ချုပ်တာမဟုတ်တော့ဘူး။ ဒီတက္ကသိုလ်စီမံခန့်ခွဲတဲ့ ဒီကောင်စီကနေအုပ်ချုပ်တာပဲ။ ဆိုတော့ ဒီတက္ကသိုလ်မှာဒီကျောင်းသားတွေကိုလက်ခံတဲ့ခါမှာ.. ကောင်စီကနေဆောင်ရွက်ခွင့်ရှိပြီ။ ကျောင်းသားလက်ခံတဲ့အခါမှာအခုအရင်တုန်းကလိုပေါ့၊ ဆယ်တန်းအောင်တဲ့အမှတ်နဲ့ ခွဲတာမဟုတ်ပဲနဲ့ ကျောင်းသားကသူတို့ ယူချင်တဲ့ဘာသာရပ်ကိုဝင်ရောက်ပေါ့။ ဆိုတော့ အဲဒီအခါမှာအဲဒီစနစ်ကဥပဒေပြဌာန်းပြီးပြီဆိုတော့၊ ဒီဒုက္ခသည်စခန်းက ဆယ်တန်းအောင်ပြီးပေါ့။ ဆယ်တန်းတို့ Post Ten တို့အောင်လာပြီးတဲ့ ကျောင်းသားတွေကတက္ကသိုလ်မှာ တိုက်ရိုက်ဝင်ခွင့် လျောက်ထားပြီးတော့ ဖြေဆိုဖို့ပေါ့။ ကျောင်းသား… သူကိုယ်တိုင်ကသင်ချင်တဲ့စိတ်ရှိတယ်။ သင်နိုင်တဲ့အရည်ချင်းလည်းရှိတယ်ဆိုရင် ဒီတက္ကသိုလ်တွေမှာသင်နိုင်မှာပါ။ ဒါကတော့ကျနော်တို့တင်ပြထားတဲ့အဆင့်ရှိပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်တော်မှာတင်ပြတော့ ရန်ကုန် တက္ကသိုလ်ကတော့ဆောင်ရွက်လို့ရပြီ။ အလားတူပဲတခြားတက္ကသိုလ်တွေမှာပါပေါ့။ အလားတူဥပဒေတွေ ပြဌာန်းမယ်ဆိုရင်တော့။ ဒေသတိုင်းဒေသတိုင်းမှာနယ်စပ်ကပြန်လာတဲ့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ဖြေနိုင်တဲ့ အဆင့်ရှိမှာပါ။
ကယားထဲ ။ ။ အဲဒါကခန့်မှန်းခြေ ဘယ်လောက်ကြာဦးမလဲ။
ဒေါက်တာသိန်းလွင် ။ ။ ခန့်မှန်းခြေဘယ်လောက်ကြာမလဲဆိုတာ က လောလောဆယ်အခုဒီလွတ်တော်ကတော့သဘောတူတယ်။ လက်ရှိအစိုးရမှာတော့ နဲနဲလေးနှေးနေသေးတယ်။ အနည်းဆုံးစောင့်ရရင်တော့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲမှာ၂၀၁၅ မှာဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့နိုင်တယ်ဆိုရင် ဒီပညာရေးစနစ်ကပြောင်းသွားမှာ။ ပြောင်းသွားတဲ့ခါကျရင် ဒီနယ်စပ်ကကျောင်းသားတွေကတက္ကသိုလ်မှာတိုက်ရိုက် ဒီဆယ်တန်းအောင်ပြီးသား ကျောင်းသားပေါ့။ တက္ကသိုလ်မှာ တိုက်ရိုက်ဝင်ခွင့် ဖြေနိုင်တဲ့စနစ်ကိုရောက်မှာပါ။
ကယားထဲ ။ ။ ဒါဆိုရင် အခုကျမတို့ကယားပြည်နယ်မှာ တက္ကသိုလ်သုံးခုရှိတယ်ဆရာ ဒီထက်တိုးတက်အောင် ဆရာ့အနေနဲ့ လည်းကယားပြည်နယ် လူငယ်တွေ ရဲ့ ပညာရေးအခြေအနေကိုပေါ့နော။ ဘယ်လိုမြင်လဲပြီးတော့ တိုးတက်အောင်ဘယ်လိုလုပ်ဆောင်ရမလဲ။
ဒေါက်တာသိန်းလွင် ။ ။ ဒီမှာလည်းတက္ကသိုလ်ရှိပြီဆိုတော့ ကျနော်က ကယားလူမျိုးတွေ ကိုယ်တိုင် ဒီတက္ကသိုလ်တွေထူထောင်စေချင်တယ်။ ဆိုတော့ကျနော်တို့တင်ပြထားတာက ပညာရေးလွတ်လပ်ခွင့်ပေါ့။ ပညာရေးလွတ်လပ်ခွင့်အောက်မှာ တက္ကသိုလ်တွေကို ဒေသဆိုင်ရာပုဂ္ဂိုလ်တွေ ဒေသဆိုင်ရာပညာရှင်တွေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်ပြီးတက္ကသိုလ်တွေ ကျောင်းတွေထူထောင်ဖို့ပေါ့။ အဲဒီလိုပညာရေး လွတ်လပ်ခွင့် ရှိသွားပြီဆိုရင် ကယားလူမျိုးတွေကိုယ်တိုင် ပညာတတ်တွေကိုယ်တိုင်ပေါ့ ကိုယ်တိုင်ဖွင့်လှစ်ပြီးတော့ ကိုယ်တိုင်စီမံခန့်ခွဲတဲ့ တက္ကသိုလ်တွေကိုဆိုတာဖြစ်တယ် ဆိုရင် ဒီက ကယားပြည်မှာရှိတဲ့ လူငယ်တွေအားလုံးက ဒီကယားမှာဖွင့်တဲ့ တက္ကသိုလ်တွေမှာပေါ့။ ဒီဘာသာရပ်တွေကို သင်ယူနိုင်မှာပါ။ ကယားပြည်နယ်တင်မဟုတ်ပါဘူး ဒီမြန်မာနိုင်ငံမှာရှိတဲ့ ဘယ်တက္ကသိုလ်မှာမဆို ၀င်ရောက် တက်ရောက်နိုင်တဲ့အခွင့်အလမ်းပေါ့.. ကျနော်တို့တင်ပြထားတာကတော့ မြန်မာနိုင်ငံရဲ့ဘယ်ဒေသမှာပဲနေနေ ပညာရေးအခွင့်အလမ်းတူညီဖို့ပေါ့။ ဆိုတော့ ပညာရေးအခွင့်အလမ်းတူညီတဲ့ ဥပဒေရှိပြီဆိုရင်.. သဘောထားရှိပြီဆိုရင် မြန်မာနိုင်ငံရဲ့ဘယ်ဒေသမဆို တူညီတဲ့ပညာရေးဟာလည်း အခွင့်အလမ်းတူမယ်။ ဒါပေမဲ့ အခုကျနော်တို့ လက်ရှိအစိုးရလက်ထက်မှာတော့ တင်ပြထားတယ်။ လက်ရှိအစိုးရကမပြောင်းလဲသေးဘူးဆိုရင်.. နောက်၂၀၁၅ မှာရွေးကောက်ပွဲမှာ အသစ်ပြောင်းလာမယ့် အစိုးရကနေဆောင်ရွက်သွားဖို့ ကျနော်တို့ ကြိုးစားမှာပါ။
ကယားထဲ။ ။ ဆရာနောက်တခုက အခုပညာရေးစနစ်မှာ မိခင်ဘာသာစကားထည့်သွင်းဖို့ တချို့အမတ်တွေလည်း တောင်းဆိုကြတာ ကြားတယ် အဲဒါ.. ဒါပေမဲ့ အခုက ပြင်ပအချိန်တွေမှာပဲ သင်ခွင့်ရတယ်။ အဲဆိုကျမတို့လည်း ကိုယ့်မိခင်ဘာသာစကားကို စာမရှိတဲ့အတွက် မတတ်တော့ဘူးပေါ့နော။ စာမတတ်ဘူးစကားလည်းမတတ်ဘူး။ အဲဒါကိုရောဘယ်လိုလုပ်ကြမလဲပေါ့။
ဒေါက်တာသိန်းလွင် ။ ။ ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံတိုင်းရင်းသားတွေ က သူတို့ရဲ့ဘာသာစကားကို ကျောင်းသင်ခန်းစာအဖြစ်နဲ့သင်ခွင့်ရှိဖို့ ကျနော်တို့အနေနဲ့လည်း ပညာရေးဆွေးနွေးပွဲကိုလည်း တင်ပြထားတယ်။ ဆိုတော့ ဒေသတိုင်းဒေသတိုင်းမှာ ဒီကျောင်းသားတွေရဲ့ မိခင်ဘာသာစကားရယ်ကျနော်တို့ တနိုင်ငံလုံးသုံးတဲ့ ဗမာဘာသာစကားရယ် နိင်ငံတကာသုံးတဲ့ အင်္ဂလိပ်ဘာသာစကားရယ် ဘာသာစကားသုံးမျိုးဒါကျောင်းသင်ဘာသာရပ်ဖြစ်ဖို့ ရည်ရွယ်ချက်က သက်ဆိုင်ရာလူမျိုးတိုင်းက ကိုယ့်ဘာသာစကားကို ထိန်းသိမ်းပြန့်ပွားပြီးတော့ မြင့်တင်နိုင်ဖို့ နောက်တခါပညာရေးဘက်ကကြည့်ရင်လည်း ဒီကျောင်းသားတွေက သူတို့တတ်ကျွှမ်းတဲ့ မိခင်ဘာသာစကားနဲ့သင်တဲ့ခါကျရင် သင်တဲ့ဘာသာရပ်တွေကို နားလည်မှု မှာပိုတယ်။ နောက်တခါကိုယ့်ဘာသာစကား တည်ဆောက်ပုံကိုကောင်းကောင်း ပိုင်ပိုင်နိုင်နိုင်နားလည်ရင် တခြားဘာသာစကားကို သင်တဲ့အခါမှာလွယ်တယ်။ အဲ့ဒီအတွက် ကျနော့ရဲ့ သဘောထားအရဆိုရင် သက်ဆိုင်ရာတိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဒေသကျောင်းတွေမှာ မိခင်ဘာသာစကားနဲ့ သင်ခွင့်ရှိဖို့။ ပထမအခြေခံအဆင့်မှာတော့ မိခင်ဘာသာစကားနဲ့သင်မယ် မူလတန်းအဆင့်မှာ မိခင်ဘာသာစကားနဲ့သင် အလယ်တန်းဆင့်ရောက်ရင်ဘာသာ ၂မျိုး မိခင်ဘာသာစကားနဲ့ နိုင်ငံသားဗာမာဘာသာစကား ပြီးရင် အထက်တန်းကျရင် ကျောင်းသုံးစာအုပ်က ဗမာလိုဖြစ်မယ်ဆိုရင် အထက်တန်းရောက်ရင်တော့ ကလေးတွေသင်နိုင်ပြီပေါ့ ဗမာလို။ ၂ဘာသာတွဲသွားဖို့ပေါ့ အလယ်တန်းနဲ့အထက်တန်းမှာ။
ကယားထဲ။ ။ အခုလောလောဆယ် ဒီမှာကြားထားတာတော့ မြန်မာဘာသာစကားကိုကလေးတွေ အားနည်းလို့ပေါ့နော့ ။အဲဒါကြောင့် မြန်မာဘာသာစကားနဲ့ သင်ရိုးညွန်းတမ်းတွေ လွယ်ကူအောင်ဆိုပြီးတော့မှ ယူနီဆက်တွေကနေသင်တန်းပို့ချ တယ်ဆရာ ကလေးတွေကလည်း ဟိုးတောရွာတွေမှာ ဗမာစကားမတတ်ဘူးလေ ။ အဲဒါဆရာဆရာမတွေက ဗမာတွေဖြစ်နေတယ်။ အဲဒါကြောင့်မလို့ သင်ရိုးညွန်းတမ်းတွေထဲမှာက လေးတွေဗာမာစကား တတ်မြောက်အောင် ဆိုပြီးတော့မှ အဲမျိုးယူနီစက်ကနေ သင်တန်းတွေလာပို့ချတယ်။ အဲဒါတွေကကော ဘယ်လိုဖြစ်လာနိုင်လဲ။
ဒေါက်တာသိန်းလွင် ။ ။ ကျနော်က ဘာသာစကားတခုသင်တယ် ဆိုတာကလူမျိုးတွေ ရဲ့တန်ဖိုးလေ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ အဲဒီတန်ဖိုး၊ အဲဒီပေါ်မှာသင်ကြားသင့်တယ်။ ဒီဘာသာစကားသင်ကြားခြင်းအားဖြင့် သူ့လူမျိုးတွေရဲ့ဓလေ့ထုံးစံတွေသမိုင်းတွေ ယဉ်ကျေးမှုတွေ အဲဒါတွေကိုနားလည်မယ်။ အဲဒီလိုသင်သင့်တယ်။နောက် ကလေးတယောက်ကို ကလေးတွေနားလည်တဲ့ ဘာသာစကားတွေနဲ့သင်နိုင်တဲ့ ဆရာဆရာမတွေ များများရှိဖို့လိုတယ်။ အဲဒီအတွက် ကျနော်တို့ ဆရာဆရာမတွေများများ မွေးထုတ်တယ်ပေါ့။ ဒီကလေးတွေ ကျွမ်းကျင်တဲ့ဘာသာစကားနဲ့သင်နိုင်တဲ့ ဆရာဆရာမတွေ ခန့်ထားဖို့လိုတယ် ။ ကျနော်ကတော့ ဗမာစာအားနည်းလို့ တိုင်းရင်းသားဘာသာနဲ့ ဖြေတာကိုကျနောကတော့ သဘောမကျဘူး။ ဆိုတော့ဘာသာစကားတခု သင်တယ်ဆိုတာသူ့လူမျိုးရဲ့ တန်ဖိုးထားတဲ့ ဘာသာစကား သူ့လူမျိုးရဲ့ ယဉ်ကျေးမှု သူ့လူမျိုးရဲ့ဓလေ့ထုံးစံကို ဖော်ပြတဲ့ဘာသာစကားကို ကျောင်းသင်ဘာသာစကားအဖြစ် သုံးသင့်တယ်။ နောက်တခါစာအုပ်တွေကိုလည် သက်ဆိုင်ရာ ဒီတိုင်းရင်းသားပညာ ရှင်ကိုယ်တိုင်ရေးသား ပြဌာန်းထားတဲ့ စာအုပ်ဖြစ်သင့်တယ် အခုကျနော်ကြားနေတာက အခုဗမာလိုသင်တဲ့စာအုပ်ကို တိုင်းရင်းသားစာနဲ့ပြန်ခိုင်းတယ်။ ဗမာလိုသင်တဲ့စာကို ကယားလိုပြန်ရတယ် ၊ ရှမ်းလိုပြန်ရတယ်၊ မွန်လိုပြန်ရတယ် အဲဒီတော့၊ အဲလိုဗမာလိုရေးထားတဲ့ စာအုပ်တွေကဗမာ့ ယဉ်ကျေးမှုကိုအခြေခံရေးတာ။ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနဲ့မအပ်စပ်ဘူး။ အဲတော့တိုင်းရင်းသား ကျောင်းတွေမှာသင်မယ် ဘာသာစကား စာအုပ်က တိုင်းရင်းသား ပညာရှင်ကိုယ်တိုင် ရေးတဲ့စာဖြစ်သင့်တယ်။
ကယားထဲ။ ။ အခုကျမတို့ကတက္ကသိုလ်ပြီးလို့ရှိရင်လည်း ဆရာ အလုပ်ဝင်တဲ့နေရာမှာ လည်းခက်ခဲမှုတွေရှိပါတယ်။ အဲဆိုတော့လူငယ်တွေ ဆယ်တန်းအောင်ပြီးလို့ ရှိရင်ပေါ့နော့ ဘွဲ့ ရရင်လည်းအလုပ်မရပါဘူး ဆိုပြီးတော့မှ အဲမျိုးတွေမြင်လာကြတယ်ဆရာ။ အဲဒီလူတွေကလည်း အလုပ်မရကြဘူးဆိုတော့ အဲမျိုးတွေဘယ်လို ကျော်ဖြတ်ရမလဲ။
ဒေါက်တာသိန်းလွင် ။ ။ အခုတက္ကသိုလ်တွေ စီမံခန့်ခွဲရေးရှိပြီဆိုရင် သင်တဲ့သင်ရိုးညွန်းတမ်းတွေက ကျောင်းသားတွေရဲ့ လက်တွေ့ဘ၀ မှာအသုံးချနိုင်တဲ့ ဘာသာရပ်ဖြစ်ရမယ်။ ဆိုတော့ နောက်သင်ကြားတဲ့ ဘာသာရပ်ကလည်းကျောင်းသား ကိုယ်တိုင်ရွေးချယ်တာဖြစ်ရမယ်။ ကျောင်းသားကိုယ်တိုင် ကိုယ်ပိုင်ဘာသာရပ်နဲ့ တက္ကသိုလ်ရွေးချယ်ခွင့်ရှိရမယ်။ နောက်တခါ သင်တဲ့ဘာသာရပ်တွေကလည်း ကျောင်းသားတွေ လက်တွေ့ဘ၀မှာအသုံးချနိုင်တဲ့ ဘာသာရပ်တွေဖြစ်ရမယ်။ နောက်တခါဒီကျောင်းသားတွေအတွက် ကျနော်တို့ ဒီအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုပေါ့ ဒါကအုပ်ချုပ်တဲ့သူတွေက စီမံခန့်ခွဲတဲ့သူတွေက ဒီနိုင်ငံရဲ့စီးပွားရေးစနစ်တွေမှာ လူတွေအလုပ်အကိုင်အခွင့်အလမ်း များများရစေနိုင်အောင် စီးပွားရေးစနစ်မျိုး ထူထောင်နိုင်မယ်ဆိုရင် ဒီကျောင်းသားတွေကလည်း သူတို့ကိုယ်တိုင် တက္ကသိုလ်တွေ ရွေးချယ်ခွင့်ရှိတဲ့အတွက်သူတို့ ကြိုးစားမယ် သူတို့သင်တဲ့ ဘာသာရပ်တွေ ကလည်းသူတို့ဘ၀မှာ အသုံးချနိုင် မယ်။ နောက် သူတို့ဘွဲ့ရပြီးရင် လည်းသူတို့တတ်ထားတဲ့ ပညာနဲ့ဆီလျော်တဲ့အလုပ်အကိုင် အခွင့်အလမ်း တွေရှိမယ်ဆိုရင် ကြိုးလည်းကြိုးစားမယ် သူတို့ဘ၀အတွက်လည်းအကျိုးရှိမယ်။ တိုင်းပြည်ရဲ့စီးပွားရေးလည်း တိုးတက်မယ်။
ကယားထဲ။ ။ ဆရာ ဒါနဲ့အခု ဆရာအခုကယားပြည်နယ်ကိုလာတယ် ပြီးတော့မှ ဟောပြောမယ် လူငယ်နှင့်ပညာရေးအခန်းက မှာဆရာကဘယ်ခေါင်းစဉ်ကို ဟောပြောမလဲ
ဒေါက်တာသိန်းလွင် ။ ။ ကျနော်အဓိကထား ပြောချင်တာကတော့ လူငယ်တွေရဲ့ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းပေါ့ ဒီနေ့ခေတ် မှာမရှိမဖြစ်လိုလာတဲ့ Critical Thinking ပေါ့ ဆိုတော့ကျနော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့ခါကျတော့ ဒီနိုင်ငံရေးပါတီတွေ အယူအဆမျိုးမျိုး အတွေးအခေါ်အမျိုးမျိုး ယှဉ်ပြိုင်လာတဲ့ခါကျတော့ လူငယ်တွေရွေးချယ်တဲ့အခါမှာ စဉ်းစားဆင်ခြင်ပြီးတော့မှ ရွေးချယ်ဖို့ နောက်တခါ သူတို့ရဲ့ နိုင်ငံရေးလူမှုရေးမှာရောဒီနေ့ခေတ်က globalization မှာနိုင်ငံတွေ ပူးပေါင်းဆောင်ရွက် လာတဲ့အခါကျတော့ ဒီယဉ်ကျေးမှုမတူတဲ့သူတွေ ဘာသာစကားမတူတဲ့လူတွေ ဓလေ့ထုံးစံတို့ တန်ဖိုးထားမှုတို့ မတူတဲ့လူတွေ ပေါင်းဆုံလာတော့ ဘယ်သူ့ရဲ့ အတွေးအခေါ် အယူအဆတွေကို ဘယ်လိုလက်ခံသင့်သလဲ ဘာတွေကိုလက်ခံသင့် သလဲဘာတွေကို ငြင်းပယ်သင့်သလဲ ဆိုတာကိုလူငယ်တွေ ကိုယ်တိုင်စဉ်းစားပြီး တော့ဆုံးဖြတ်သင့်တယ်။ အဲတော့ကျနော်တို့ လူငယ်တိုင်းလူငယ်တိုင်းက စဉ်းစားဆင်ခြင်ဖို့လိုတယ်။ ဒီနေ့ ဟောပြောပွဲမှာပြောချင်တဲ့ အကြောင်းအရာကတော့ အရာရာမှာ ဝေဖန်ပိုင်းခြားဖို့ ကျနော်ပြောမှာပါ။
ကယားထဲ ။ ။ ဆရာဒီမေးခွန်းတွေအပြင် ကျမကိုတခြားပညာရေးနဲ့ပတ်သက်တဲ့ စနစ်တွေရှင်းပြစရာရှိသေးလား။
ဒေါက်တာသိန်းလွင် ။ ။ ပြောချင်တာတော့ ပညာရေးစနစ်အပြောင်းအလဲမှာ တစုံတယောက်က .. အစိုးရဖြစ်စေတစုံတယောက်ကဖြစ်စေ ပြောင်းပေးလိမ့်မယ်လို့မမျော်လင့်ပဲနဲ့ကိုယ်တိုင် ပြောင်းဖို့ပေါ့။ ကျောင်းသားတယောက်ချင်းစီမှာ လည်းပြောင်းနိင်တယ်။ ကျောင်းသား တယောက်ခြင်းစီမှာ သူတို့ရဲ့သင်ယူပုံသင်ယူနည်း ပြောင်းလို့ရတယ်။ နောက်ပြီးတော့ အလွတ်ကျက်တဲ့စနစ်မဟုတ်ပဲနဲ့ နားလည်းအောင် လုပ်တဲ့နည်းနဲ့ စဉ်းစားတွေးခေါ်တဲ့နည်းနဲ့ ကျောင်းသားတွေက ပြောင်းလို့ရတယ်။ ဆရာဆရာမတွေက စာသင်ခန်းထဲမှာ ပြောင်းလို့ရတယ်။ ဆရာဆရာမတွေက သူတို့ကျောင်းမှာ ဒီကျောင်းသားတွေကို တကယ်စေတနာနဲ့ ကလေးတွေ သင်ယူနိုင်အောင် ပံ့ပိုးကူညီတဲ့ ဒီသင်ကြားရေးနည်းစနစ်တွေနဲ့သင်ကြားပေးမယ်ဆိုရင် စာသင်ခန်းပြောင်းလဲနိုင်တယ်။ စာသင်ခန်းအားလုံးပြောင်းတယ်ဆိုရင် စာသင်ကျောင်းပြောင်းမယ်။ ဒီစာသင်ကျောင်း အားလုံးပြောင်းတယ်ဆိုရင် တပြည်လုံးပြောင်းမယ်။ အဲတော့ကိုယ်တိုင်ပြောင်းဖို့ပေါ့ ကျနော်ကဒီ ကယားပြည်နယ်မှာလည်း ကယားလူမျိုးတွေ သူတို့ဒေသရဲ့ ပညာရေးကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲကဖို့။ စီမံခန့်ခွဲနိုင်အောင် ဒီနေ့ကစပြီးတော့ ကျောင်းသား တယောက်ချင်းစီကော ဆရာဆရာမတွေမှာကောဒီကယားလူမျိုးတွေမှာကောပြောင်းလဲဖို့ နောက်တခါ ကယားလူငယ်တွေကို အထူးပြုမှာချင်တာက ပညာထပ်ပြီးတော့ လေ့လာဆည်းပူးဖို့ပေါ့။ ဒီကယားလူမျိုးမှာ နောင်တချိန်ဆိုရင် ပညာရေးကို ကိုယ်တိုင်စီမံခန့်ခွဲရမယ်လေ။ စီမံခန့်ခွဲနိုင်တယ်ဆိုရင် စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ရှိဖို့လိုတယ်။ အဲဒါကြောင့်များများ သင်ယူလေ့လာ ထားဖို့လိုတယ်။ လူငယ်တွေကအားငယ်နေတဲ့အချိန်မှာ များများသင်ယူလေ့လာမယ်။ နိုင်ငံခြားမှာသင်ယူနိုင်တဲ့ အခွင့်အရေးရှိရင်လည်း နိုင်ငံခြားမှာသွားသင် ပြီးတော့ ကိုယ့်ဒေသကိုပြန်အကျိုးပြုဖို့ ကျနော်နောက်မှာချင်တာက လူတိုင်းလူတိုင်းက ကိုယ့်ဒေသဖွံ့ဖြိုးဖို့ ဒီကျနော်တို့ကကိုယ့်ဒေသမဖွံ့ဖြိုးတဲ့အတွက် ဒီဒေသကလူတွေကတခြားဖွံ့ဖြိုးတဲ့ ဒေသတွေနိုင်ငံတွေကို သွားတယ် ထိုင်းနိုင်ငံမှာသွားအလုပ်လုပ်ရတယ်။ မလေးရှား၊ စင်္ကာပူမှာ သွားအလုပ်လုပ်ရတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ဒေသမှာမဖွံ့ပြီးဘူးစီးပွားရေးတွေ အလုပ်အကိုင်မရှိဘူး နောက်တချိန်မှာကျနော်တို့ဟာ ဒေသတိုင်းမှာဖွံ့ဖြိုးစေသင့်တယ်။ ပညာတတ်တဲ့လူငယ်တွေက ကိုယ့်ဒေသဖွံ့ဖြိုးအောင် ပြန်ဆောင်ရွက်သင့်တယ်။ ဆိုတော့ နိုင်ငံခြားရောက်နေတဲ့ ကယားလူမျိုးတွေ ပညာတတ်တဲ့လူတွေက ကိုယ့်ဒေသကိုပြန်လာပါ။ ပြန်လာပြီးတော့ လူငယ်တွေကိုလည်း ပညာရေးမြင့်တင်ပါပြီးတော့ ဒေသဖွံ့ဖြိုးရေးပေါ့ ဒေသရဲ့စီးပွားရေးမြင့်တက်အောင်လုပ်ဖို့ ဒေသမှာရှိတဲ့ထွက်ကုန်တွေ ဒေသမှာရှိတဲ့ သံယာဇတပစ္စည်းတွေ နဲ့နောင်တချိန်ဆိုရင် ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲခွင့်ရှိတော့မယ်။ အဲဒီချိန်မှာကိုယ့်ဒေသက ထွက်တဲ့သံယာဇာတတွေ ဒီစီးပွားရေးလုပ်ငန်းတွေ သဘာဝပေါက်ပင် ဒီပေါ်မှာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ပေါ့။ ဒေသဖွံ့ဖြိုးအောင်လုပ်ဖို့ပေါ့ ဆိုတော့ ကိုယ့်လူငယ်တွေ အားလုံးက ကိုယ့်ဒေသဖွံ့ဖြိုးတယ်ဆိုရင် ကိုယ့်ဒေသ သာသာယာယာ စည်စည်ကားကား ရှိတယ်ဆိုရင် ဒီပျော်ရွှင်တဲ့ဒေသ ဖြစ်လာမယ်လေဆိုတော့ ရည်မှန်းတာတော့ အနာဂတ်ကလူတိုင်း မြို့တိုင်းပျော်ရွင်တဲ့ဒေသတွေ လူတိုင်းလူတိုင်းပျော်ရွှင်တဲ့ နိုင်ငံဖြစ်ဖို့။ နိုင်ငံတခုတိုးတက်တယ် ဆိုတာဒီလူတွေဘယ်လောက်ပျော်သလဲ ဆိုတာနဲ့တိုင်းတာဖို့။ ဆိုတော့ဒီအယူဆက ဘူတန်နိုင်ငံကစတင်ခဲ့တာပါ။ ကုလသမ္မဂကပါ လေ့လာနေရပြီ။ ဆိုတော့ ဒီမှာအကြံပေးချင်တာက လူတွေကကိုယ့်ဒေသဖွံ့ဖြိုးအောင်လုပ်ပါ။ ကိုယ့်ဒေသမှာ ကိုယ့်ဒေသက ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ သဘာဝပတ်ဝန်းကျင် တွေထိန်း သိမ်းပြီးတော့ နေချင်စဖွယ်ဖြစ်အောင် ပျော်ရွင်အောင်ပေါ့ လူတွေအား လုံးပျော် ရွင်အောင်ပေါ့ ဒီကယား လူငယ်တွေကိုကျနော်က တိုက်တွန်းချင်ပါတယ်။
No comments:
Post a Comment