Monday, 5 November 2012

တောင်ကုတ် တက္ကသိုလ် ဒီဇင်ဘာလ တွင်ဖွင့်မည်

Photo

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ တည်ဆောက်လျှက်ရှိသည့် တောင်ကုတ် တက္ကသိုလ်ကို ယခုနှစ်ကုန်တွင် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။ “ နောက် ရက် ၃၀ အတွင်းမှာ ဖွင့်လှစ်သွားမှာပါ။”” ဟု အဆိုပါ တက္ကသိုလ်တည် ဆောက်ရေးအား တာဝန်ယူထားသည့် နေလသစ္စာဆောက်လုပ်ရေးတာဝန်ရှိသူ ဦးကျောက်တောင်က ပြောသည်။ အဆိုပါ တက္ကသိုလ်အား ယခုနှစ် ဇူလိုင်လ ၁၅ ရ
က် နောက်ပိုင်းတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အစိုးရထောက်ပံ့ငွေ ကျပ်သိန်း ၆ ထောင်ကျော် ရရှိထားကြောင်းသိရသည်။ ““ အဲဒီငွေကိုတော့ ဘတ်ဂျက်မကုန်ခင်ရမှာပါ။ လောလောဆယ်တော့ ကျွန်တော်ကုန်ကျငွေ ၂.ရ ဘီလံယံလောက် ခန့်မှန်းထားပါတယ်။ လက်ရှိအထိ ကျွန်တော်စိုက်ထုတ်ထားတာ ၁.ရ ဘီလီယံလောက် ရှိပါပြီ”” ဟု ၎င်းကပြောသည်။ တက္ကသိုလ်တည်ဆောက်ရန် လွှတ်တော်မှ အတည်ပြုချက်ရရှိခဲ့ပြီး ဒေသခံများမှ လှူဒါန်းထားသည့် မြေဧက ၂၁၂ ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါတက္ကသိုလ်ကို အစိုးရမှ ဦးစီတည်ဆောက်ခြင်းမဟုတ်ဘဲ တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီမှ ဦးစီးတည်ဆောက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ဖွင့်လှစ်နိုင်ရန်အတွက် ဆရာဆရာမ ၄၁၃ ယောက်ကို တာဝန်ချထားပြီးဖြစ်ကြောင်း ၊ ဘာသာရပ် ၈မျိုးသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ တောင်ကုတ်မြို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ တက္ကသိုလ်ပညာဆက်လက်ဆည်းပူးလိုသူများအနေဖြင့် လက်ရှိတွင် ပြည်တက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားရလျှက်ရှိကြောင်းသိရသည်။ ယခုနှစ်ကုန်တွင်ဖွင့်လှစ်မည့် တောင်ကုတ်တက္ကသိုလ်သည် ရန်ကုန်မြို့မှ လာလျှင် တောင်ကုန်မြို့အထွက်နှင့် မအီ၊ ကျောက်ဖြူမှ လာလျှင် တောင်ကုတ်မြို့အ၀င် ၌တည်ရှိကြောင်းသိရသည်။ ဥာဏ်လင်းအောင်

No comments:

Post a Comment