Thursday, 15 November 2012

-ထိုင်းအစိုးရ မူဝါဒအရ မဲဆောက်ရှိမြန်မာရွှေ့ပြောင်းအလုပ်သမား ၂ကျောင်းအား ကွန်ပျူတာငယ်များ လှူဒါန်း-


(နိုဝင်ဘာလ ၁၅ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ယင်လပ်ရှင်နာဝပ်နှင့် အစိုးရအဖွဲ့၏ မူဝါဒအရ ထိုင်းနိုင်ငံရှိ မူလတန်းကလေးငယ်များအား ကွန်ပျူတာငယ်များ အသုံးပြုတတ်ရေး ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာငယ်များ ပေးအပ်လှူဒါန်းပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ နေ့သစ်အလယ်တန်းကျောင်းနှင့် စီဒီစီ အထက်တန်းကျောင်းတို့တွင် ပြုလုပ်ကြောင်း သတင်းရရှိသည်။



ထိုင်းအစိုးရ၏ မူဝါဒအရ ကွန်ပျူတာငယ်များ ဖြန့်ဝေရေးတာဝန်ခံ ထိုင်းကျောင်းဆရာအချို့သည် နေ့သစ်အလယ်တန်းကျောင်း၌ (၆၆) ခု၊ စီဒီစီ အထက်တန်းကျောင်း၌ (၃၀) ခုကို ယနေ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ပျူတာငယ်များတွင် သက်ဆိုင်ရာကျောင်းနှင့် အတန်းလိုက် ကလေးငယ်များ၏ နံမည်များအဆင်သင့်ရေးထိုးထားပြီး ကွန်ပျူတာငယ်တစ်လုံး၏ ကာလတန်ဘိုးသည် ၃၀၀၀ ဘတ် ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့၏ မူဝါဒသည် ထိုင်းကျောင်းနှင့် ချိတ်ဆက်ထားသော(School Within School) မြန်မာရွှေ့ပြောင်းအလုပ်သမား ကျောင်းများအား အဓိကထား ပေးအပ်ခြင်းဖြစ်သည်။

  (ဖြန့်ဝေရေးတာဝန်ခံ ထိုင်းဆရာက ရှင်းလင်းတင်ပြနေစဉ်)



( စီဒီစီ အထက်တန်ကျောင်းကွန်ပျူတာလက်ခံပွဲမြင်ကွင်း)
သတင်းနှင့် ဓာတ်ပုံ- သောင်ရင်းနဂါး 
မြန်မာပြည်သား ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment