မင်္ဂလာဒုံမြို့နယ် - လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်
အောင်ဆန်း သူရိယ လှသောင်း “ကျောင်းခွဲ” အ.ထ.က (၂) မင်္ဂလာဒုံ မြို့နယ်ရှိတပ် တွင်
လ.ထ.ခ ကျောင်း၏ ပညာရေး ၀န်ဆောင်မှု အခြေအနေကို သိရှိစေ လိုကြောင်း ။
လ.ထ.ခ ကျောင်းခွဲမှာ ယခုလက်ရှိ အခြေအနေအရ ပညာရေးမှာ
လွန်စွာဆိုးရွားလျက်ရှိနေသောကြောင့် ကျောင်းမှ လက်ရှိ (၇)တန်းနှင့် (၈)
တန်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား ၄င်းတို့၏
“ကိုယ်ပိုင်ကျူရှင်”သို့ မတက်ရောက်သောကျောင်းသား/သူများအား အတင်း အကြပ်
တက်ရောက်ရန် စည်းရုံး၍ ၄င်းတို့ကျူရှင် မတက်ရောက်သော ကျောင်းသား/သူများအား
စာမေးပွဲအောင်နိင်မည် မဟုတ်ကြောင်း အကြိမ်ကြိမ်
ပြောဆိုခြိမ်းချောက်ခြင်းဖြင့် ၄င်းတို့ကျူရှင်သို့တက်ရောက်ရန်
စည်းရုံးခြင်း၊ လပတ်စာမေးပွဲများတွင် ၄င်းတို့ ကျူရှင်တက်လျက်စာမေးပွဲ
ကျရှုံးနေသော ကျောင်းသား/သူများအား နားချိန်တွင ၄င်းတို့ နားနေဆောင်သို့
ခေါ်ယူပြီး စာပုဒ်များအား ဖြေလွှာတွင် ပြန်လည်ကူးချစေပြီး အမှတ်ပေးခြင်း၊
၎င်းကျူရှင်မှ ကျောင်းသား/သူ အမှန်တကယ် ရမှတ်ထက် ထက်ဝက်မကတက်လာအောင်
လုပ်ကြံပြု လုပ်ပေးခြင်း။ ကျောင်း၏စာသင်ချိန်များတွင်လည်း ကျောင်းသား
ကျောင်းသူ များအား စာကိုတကယ်တတ်မြောက်အောင် မသင်ဘဲ ကျောင်းသား
ကျောင်းသူများအား အိမ်စာများသာပေး၍ ကျောင်းသားကျောင်းသူများမှာ
၎င်းအိမ်စာများကို မသိနားမလည်သောကြောင့် ကျူရှင်စာအုပ်များမှ
အိမ်စားများကို ပြန်လည်ကူယူနေသည်မှာ မဖြစ်သင့်သော ကိစ္စ ပင်ဖြစ်ပါသည်။
ဟိုယခင်
ပညာသင်ကြားရေးမှာ လွန်စွာဆုပ်ယုတ်ပျက်ပြား နေသည်ကို တွေ့ရှိရ ပါသည်။
ပညာရေးမြင့်မားလာသည်မှန်သော်လည်း ကျောင်းသားကျောင်းသူများ၏ ပညာရေးမှာ
ဆရာ/ဆရာမများ၏ သွန်သင်မှု့ နှင့် သင်ကြားမှုအောက်တွင် ပျက်ဆီးနေပါသည်။
စာမေးပွဲနီး
လာလျှင်လည်း ကျောင်းသားကျောင်းသူများမှာ ဆရာ/ဆရာမ များပေးသော
မေးခွန်းများကို ရရန်ဆရာ/ဆရာမများဆီမှာ မေးခွန်းများကို ပိုက်ဆံပေးပြီး
ဝယ်ယူကြရသည့်အဖြစ်သို့ ရောက်ရှိနေရပါသည်။ ထိုအတိုင်း ကြားလျှင်
ကျောင်းသား/ကျောင်းသူများအား အငြိုးထား၍ ရိုက်နှက်မည်ကို စိုးရိမ်သဖြင့်
မိဘများမှာ အကြိမ်ကြိမ် သီးခံခဲ့ကြရပါသည်။
ယခုလို ကိစ္စရပ်များကို ပညာရေးဌာနနှင့် အခြားသောပြည်သူများသိရှိစေရန် ဖော်ပြထားခြင်း ဖြစ်ပါသည်။
လက်ရှိထိုသို့သော အပြုအမှုများကို ဆိုးရွားစွာ ပြုလုပ်နေသော ဆရာ၊ ဆရာမများမှာ -
(၁) ဦးမောင်မောင်
(၂) ဒေါ်ခင်ယုကြည်
(၃) ဒေါ်သန်းသန်းမြင့်
(၄) ဒေါ်သန်းသန်းဌေး
(၅) ဒေါ်ဝင်းဝင်းကြည် တို့ပင်ဖြစ်ပါသည်။
လက်ရှိထိုကဲ့သို့ ဆိုးရွားစွာပြုမူနေသော ဆရာဆရာမများကို
လက်ရှိလှသောင်းကျောင်း၏ တာဝန်ရှိသူများမှ ထိုကဲ့သို့
ပင်ကြည့်နေကြတော့မည်လား။ ၄င်းတို့၏ ဆိုးရွားသောအပြုအမှုများကို
မြေတောင်မြှောက်ပေးနေတော့မည်လားဟုပင် တွေးစရာများဖြစ်လာပါသည်။ ထို့ပြင်
၎င်းကျောင်းခွဲတွင် သင်ခန်းစာများကို စနစ်တကျ သင်ကြားပေးခြင်း
လုံးဝမရှိတော့ပါ။ စာများကူးချစေပြီး လုံးဝရှင်းမပြသည့်အပြင် ၄င်းကျူရှင်မှ
စာအုပ်ကို ကျူရှင်ကျောင်းသားအား white board ပေါ်သို့ ထွက်ရေးစေပြီး
လက်ဆင့်ကမ်းစာကူး စေပြီးရှင်းမပြဘဲ အိမ်စာအဖြစ်သာ တာဝန်များပေးနေပါသည်။
စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းမရှိဘဲ
အိမ်စာအဖြစ်သာ စာအုပ်ထဲသို့ ကူးရေးစေသည့် ရှင်းပြမှုမပါသော
ထိုအဖြစ်မျိုးလုံးဝ မဖြစ်သင့်ပါ။ မိဘများကလည်း ၄င်းအဖြစ်မျိုးများကို
သိ၍တိုင်တန်းချင်ကသော်လည်း ၄င်းတို့၏ သားသမီးများကို အငြိုးထားသော
အဖြစ်မျိုးများကို ကြုံတွေ့ဖူးခဲ့ကြသူများရှိ၍ မိမိသားသမီးများကျောင်းတွင်
အငြိုးခံကြမည့် အဖြစ်ကို စိုးရိမ်၍ အငြိမ်ခံနေကြခြင်းဖြစ်ပါကြောင်း
တာဝန်ရှိသူများကို သိစေချင်ပါသည်။
ကျောင်းသားမိဘများ
No comments:
Post a Comment