မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် မော်ကွန်း ထိန်းနှင့်ငွေစာရင်းအရာရှိတို့၏ ခြစားနေမှုများအား ထောက်ပြ ခဲ့သည်ဆိုသော မန္တလေးဆေး တက္ကသိုလ်ငွေစာရင်းဌာနက စာရင်းကိုင် မစန်းလှကို ဆေး တက္ကသိုလ်တာဝန်ရှိသူများက မ ယူမနေရ ပင်စင်ပေးခဲ့ခြင်း၊မစန်း လှမှ ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာများထံ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ရရေး အတွက် အသနားခံစာများတင်ခဲ့ ခြင်းတို့နှင့်ပတ်သက်၍ နိုဝင်ဘာ (၁၅)ရက် ကြာသပတေးနေ့ နေ့လယ်(၃)နာရီတွင် လွှတ်တော် လူ့အခွင့်အရေးကော်မတီတာဝန် ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန မှတာဝန်ရှိသူများက မစန်းလှနှင့် တွေ့ဆုံမည်ဖြစ်ကြာင်းသိရသည်။
““မန္တလေးဆေးတက္ကသိုလ်က မစန်းလှကိစ်္စကို
လွှတ်တော်တာဝန် ရှိသူတွေ ပြီးတော့ ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ
နဲ့ပတ်သက်ပြီး ဘယ်သတင်းမီဒီ ယာကိုမှ မဖိတ်ပါဘူး။ဒီဟာက ကျွန်တော်တို့
ကော်မတီတွေရဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံ တဲ့ရလဒ်ကို
လွှတ်တော်ဥက္ကဋ္ဌကြီး ဆီ ဆက်လက်အစီရင်ခံရမှာပါ။ အဲသလိုတွေ့ပြီးတော့မှ
မစန်းလှ ကို သူ့ရဲ့ပုဂ်္ဂိုလ်ရေးတွေကို ဆက် သွယ်မေးမြန်းပါ။ကျွန်တော်တို့
လွှတ်တော်ကော်မတီတာဝန်ရှိသူ တွေအနေနဲ့ကတော့ ထုတ်ပြန်သင့်
ရင်ထုတ်ပြန်ပါ့မယ်။တွေ့ဆုံတဲ့နေ ရာကိုတော့ မီဒီယာသမားတွေမ ဖိတ်ပါဘူး””ဟု
အမျိုးသားလွှတ် တော် နိုင်ငံသားများ၏ မူလအ ခွင့်အရေးနှင့်ဒီမိုကရေစီရေး
ကော်မတီဥက္ကဋ္ဌဒေါက်တာအေး မောင်က Hot News သို့ပြောကြား သွားခဲ့သည်။
ထိုသို့ (Force to retire) မယူမနေရပင်စင်အပေးခံရသည့် မန္တလေးဆေးတက္ကသိုလ်မှ စာရင်း ကိုင် မစန်းလှအား နိုဝင်ဘာ(၁၅) ရက် နေ့လယ် (၃)နာရီအချိန် ၌ အမျိုးသားလွှတ်တော်နိုင်ငံ သားများ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ကော်မတီဝင်လွှတ်တော်ကိုယ်စား လှယ်များ၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များမှ ဗိုလ် မှူးချုပ်မြင့်ထွန်း၊ဗိုလ်မှူးချုပ်စံဝင်း တို့ပါဝင်ကာ လွှတ်တော်အဆောက် အအုံ အဆောင်(၁၇)၌ တွေ့ဆုံ ကြမည်ဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News

No comments:
Post a Comment